စပါးဈေးနှုန်း ကျဆင်းနေသည့်အတွက် ရေတို၊ ရေရှည်လုပ်ငန်းများ ချမှတ်ဆောင်ရွက်မည်

လက်ရှိတွင် စပါးဈေးနှုန်းများ ကျဆင်းနေသည့်အတွက် စပါးဈေး ထိန်းညှိပေးနိုင်ရန် ရေတို၊ ရေရှည်လုပ်ငန်း များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိ စပါးဈေးအား အခြေခံဈေးနှုန်း ကြိုတင်သတ်မှတ်ထားပြီး မဖြစ်မနေ၀ယ်ယူရန် လိုအပ်ပါက ၀ယ်ယူနိုင် ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စပါးတစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် တစ်တင်း ထုတ် လုပ်မှု ကုန်ကျစရိတ်အား အတည်ပြုထားနိုင်ရန် အတွက်လည်းကောင်း၊ ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင် ပြရေးလုပ်ငန်း ကော်မတီကိုလည်း လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး ကော်မတီအောက်တွင် ဖွဲ့စည်းသင့်ပြီး ကိုယ်စားလှယ်စာရင်း၊ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် ကော်မတီဖွဲ့စည်းခြင်း(မူကြမ်း) အား အတည်ပြု သတ်မှတ်ရန် စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆန်စပါးအသင်းချုပ်မှ စပါးအခြေခံ ဈေးနှုန်းအောက် နိမ့်ကျမှုနှင့် ပတ်သက်ပြီး ကာလတို၊ ကာလရှည် အစီအမံများ ရေးဆွဲထားမှုကို ၀န်ကြီးဌာနထံသို့ ပြန်လည်တင်ပြရန် လိုအပ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် စပါးများ ကွင်းဆင်းဝယ်ယူခြင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် သို လှောင်ရုံ အခက်အခဲ၊ အစိုဓါတ်ရှိသည့် စပါးများအား အခြောက်ခံရန် အခက်အခဲ၊ သယ်ပို့ယာဥ် အခက်အခဲ များရှိ၍ လုပ်ငန်းတွင်ကျယ်မှု အားနည်းခြင်း ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဒုတိယ ဥက္ကဌတစ်ဦးဖြစ်သူ ဦးသောင်းဝင်းက ပြောသည်။

လက်ရှိ ဝယ်ယူနေသည့် စပါးများမှာလည်း အရည်အသွေးမျိုးစုံ၊ အမျိုးအစား မျိုးစုံဖြစ်၍ စပါးများ လေလွင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း ဆန်စပါး ကုန်သည်များက ဆိုသည်။ ထို့ပြင် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများ အနေဖြင့် စက်ပုံမှန် မလည်ပတ်နိုင်သော အခြေအနေသည် လက်ရှိဆန်စပါး ဈေးကွက်အပေါ် ကြီးမားစွာသက်ရောက်မှု ရှိနေသည်။

Read more @ Source: http://amiamyanmar.com/Detail.aspx?id=8075

Myanmar: Once… the Rice Bowl of Asia!