စပါးဈေးနှုန်း ကျဆင်းနေသည့်အတွက် ရေတို၊ ရေရှည်လုပ်ငန်းများ ချမှတ်ဆောင်ရွက်မည်
လက်ရှိတွင် စပါးဈေးနှုန်းများ ကျဆင်းနေသည့်အတွက် စပါးဈေး ထိန်းညှိပေးနိုင်ရန် ရေတို၊ ရေရှည်လုပ်ငန်း များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ လက်ရှိ စပါးဈေးအား အခြေခံဈေးနှုန်း ကြိုတင်သတ်မှတ်ထားပြီး မဖြစ်မနေ၀ယ်ယူရန် လိုအပ်ပါက ၀ယ်ယူနိုင် ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စပါးတစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် တစ်တင်း ထုတ် လုပ်မှု ကုန်ကျစရိတ်အား အတည်ပြုထားနိုင်ရန် အတွက်လည်းကောင်း၊ ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင် […]