လယ်သမားများကို SMEs လုပ်ငန်းများကဲ့သို့ ချေးငွေရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဇန်နဝါရီ ၂၂ ရက်တွင် နေပြည် တော်ရှိ M-Gallary ၌ ပြုလုပ်သည့် “Establishment of Credit Guarantee Corporation for MSMEs” Seminar ဖွင့်ပွဲအမှာစကားတွင် ထည့်သွင်းပြောခဲ့သည်။
“အခုခေတ်နဲ့ ကိုက်ညီအောင်လယ်သမားတွေ အားလုံးကို ကျွန်တော်တို့ ချီးမြှင့်နိုင်ဖို့ SMEs တွေကနေ လုပ်ပေးမယ်။ ထိုင်းမှာလည်း ဒီလိုပဲလုပ် ပေးခဲ့တယ်။ လုပ်ငန်းအငယ်စားလေး တွေကို ငွေချေးတဲ့ပုံစံနဲ့ ဖန်တီးချင်တာ။ စပါးချည်းပဲ စိုက်စရာမလိုဘူး။ သူတို့ ကြိုက်တာစိုက်၊ လွတ်လွတ်လပ်လပ် စိုက်။ နှမ်း၊ ပဲ အကျိုးရှိမယ့်ဟာဆိုရင် ဘိန်းကလွဲပြီး အကုန်စိုက်။ စိုက်တဲ့ သီးနှံအပေါ် ငွေချေးမယ်။ ကာလကို တစ်နှစ်မသတ်မှတ်ဘူး၊ လိုသလောက် ကာလအတွင်းချေးမယ်။ အတိုးကိုလည်း တန်းတူ ၁၃ ရာခိုင်နှုန်းနဲ့ ချေးပေးမယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။