စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပြပွဲကျင်းပမည်

စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ တိုးတက်စေရေး အထောက်အကူ ပြုစေရန် ရည်ရွယ်ကာ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပြပွဲကို မန္တလေးမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲစီစဥ်သူ ငွေပင်လယ်မီဒီယာမှ ဦးဇာနည်က ပြောသည်။ 

အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပြပွဲကို မန္တလေးမြို့ရှိ ကွန်ဗန်းရှင်းစင်တာ၌ လာမည့် ဇွန်လ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

” တောင်သူတွေ ကြိုက်နှစ်သက်တဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္မဏီတွေက ထုတ်တဲ့ စက်ပစ္စည်းတွေ ပါဝင်ပါတယ် ”   ဟု  ဦးဇာနည်က ပြောသည်။

၎င်းပြပွဲတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ပြခန်းပေါင်း ၂၀၀ ကျော် ပါဝင်ပြသသွားမည်ဖြစ်ပြီး၊ ပြပွဲ၌ ထွန်ယက် စိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ လေ့လာနိုင်မည်ဖြစ်ကာ မွေးမြူရေးကဍ္ဍတွင်လည်း ခေတ်မီအသုံးအဆောင် များ၊ နည်းပညာများကိုပါ ပါလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါပြပွဲ စတင်ကျင်းပမည့် ဇွန်လ ၁၅ ရက်တွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းကို ချိတ်ဆက်ဆွေး နွေးမည့် ဆွေးနွေးပွဲ၊ အော်ဂင်းနစ် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲများ၊ ၁၆ ရက်၌ ကြက်မွေးမြူရေးဆိုင်ရာ ညီလာခံ၊ မြန်မာ့မွေးမြူရေးအစာနှင့် မွေးမြူရေးဆေးဝါး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများ၊ ၁၇ ရက်တွင် သက်ဆိုင်ရာ ကုမ္ပဏီများမှ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး၊  အထူးအစီစဥ် အနေအဖြစ် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ၏ စက်ရုပ်စွမ်းရည်ပြိုင်ပွဲ Clash of Robot 2 ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: http://amiamyanmar.com/Detail.aspx?id=8047

Myanmar: Once… the Rice Bowl of Asia!