ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့တဲ့နှစ် နွေစပါးရာသီက တစ်ဧက ပျှမ်းမျှအထွက်နှုန်း ၉၆ဒသမ၃၂ တင်းနှုန်း သာ ထွက်ရှိခဲ့သော်လည်း ယခုနှစ် စပါးရိတ်သိမ်းပြီးချိန်တွင် တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း ၉၆ဒသမ၇၃ တင်းနှုန်အထိ ထွက်ရှိနေသော်လည်း စပါးဈေးမှာ ကျပ် ၅ သိန်းအောက်ထိ ကျဆင်းနေသည့်အတွက် အ ခက်အခဲများ ဖြစ်ပေါ်နေကြောင်း တောင်သူများက ဆိုသည်။
“ ဒီနှစ်က နွေစပါးစိုက်တဲ့အားက အရမ်းများတယ်။ စိုက်နိုင်တာက ၁၀၀ ရာခိုင်နှုန်းဆိုရင် အခုစိုက်ထားတာက ၁၁ဝ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ အစိုးရနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ငါးသိန်းဈေးအောက် မ ကျစေရဘူးလို့ တာဝန်ယူထားတော့ တောင်သူတွေက စိတ်ချယုံကြည်ပြီး စိုက်ကြတာဖြစ်တယ် ” လို့ ဧရာဝတီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဌ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။
လက်ရှိတွင် မျှော်မှန်းအထွက်နှုန်ထိ မရရှိသေးသော်လည်း အရင်နှစ်ကထက် အထွက်နှုန်း တိုးလာသည့်အပြင် ဧရာဝတီတိုင်း ဒေသကြီးထဲမှာ နွေစပါး စိုက်ဧကမှာလည်း ပြီးခဲ့သည့်နှစ်ကထက် တိုးချဲ့စိုက်ပျိုးထားပြီး ယခင် နှစ်က တိုင်းဒေသကြီးအတွင်း နွေစပါး စိုက်ဧက ၁၃သိန်း၈သောင်းကျော်သာ ရှိပေမယ့် အခုနှစ်မှာ စိုက်ဧက ၁၄ သိန်း၃သောင်းကျော်အထိ တိုးမြှင့်စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန စာရင်းများ သိရ သည်။
“ နွေစပါးကို တင်းတစ်ရာ ထွက်ရမယ်လို့ မျှော်မှန်းထားပေမယ့် ရေသွင်းဖို့ အခက်အခဲတွေရှိတဲ့ လယ်တွေနဲ့ ဧရိယာ ကျယ်ကျယ်လုပ်တဲ့ လက်ကြီးတောင်သူတွေ ဧကကြီးသမားတွေဆီမှာ အထွက်နှုန်းလျော့လို့ တင်းတစ် ရာနှုန်း ပျှမ်းမျှ မထွက်တာဖြစ်တယ် ” လို့ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးဌာန မှူး ဦးစိန်မောင်မြင့်က ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ဈေးကွက်အတွင်း စပါး ၄၆ ပေါင် တင်းတစ်ရာလျှင် လေးသိန်းခွဲနှင့် ငါး သိန်းအောက်မှာသာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
လက်ရှိတွင် စပါး တင်းတစ်ရာလျှင် ငါးသိန်းအောက် ရောက်နေသော်လည်း ယရင်နှစ်ကထက် စိုက်ဧက တိုး လာပြီး အထွက်နှုန်းပါ တိုးလာခြင်းကြောင့် စိုက်ဧကအားလုံး ရိတ်သိမ်းပြီးပါက ဧရာဝတီတိုင်း ဒေသကြီးတွင် ယရင်နှစ်ကထက် စပါးတင်းရေ သိန်းငါးဆယ်ကျော်ထိ ပိုမိုထွက်ရှိလာမည်ဟု တိုင်ဒဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မျှော်မှန်းထားသည်။
Source: amiamyanmar.com