ယခုနှစ်အတွက် အခြေခံစပါးဈေးနှုန်းအသစ်ကို ကြေညာပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တရားဝင်စာတင်ပြထားပြီးဖြစ်သောကြောင့် အခြေခံစပါး ဈေးနှုန်းအသစ်ကို ဧပြီလဆန်းပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၁ ရက်က ပြောဆိုသည်။
ဝယ်ရန်ထုတ်ပြန်ထား
“ဘယ်လောက်နှုန်းထားဖြစ်မလဲဆိုတာကတော့ တင်ပြထားဆဲဖြစ်လို့ ပြောဖို့အဆင် မပြေသေးဘူး။ ထုတ်ပြန်မှပဲ တရားဝင်ကြေညာပေးပါမယ်။ ဒီလိုဈေးနှုန်းထပ်ပြီး မကြေ ညာခင်မှာ တချို့ကလည်း မထုတ်ပြန်နိုင်သေးဘူးလားဆိုပြီးမေးတယ်။ ဈေးနှုန်းမထုတ်ပြန်နိုင် သေးတဲ့အချိန်တွင်းမှာ ထုတ်ပြန်ထားပြီးသား အခြေခံဈေးနှုန်းလေးအတိုင်း ဆက်ဝယ်ပေးဖို့ ထုတ်ပြန်ထားပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောဆိုသည်။
အဆိုပါ အခြေခံစပါးဈေးနှုန်းသတ်မှတ်ပေးပါက ဈေးကွက်အတွင်း စပါးဝယ်လိုအား နည်းပြီး ရောင်းလိုအားကျချိန်တွင် စပါးပွဲစား၊ စပါးဒိုင်များ၏ နှုတ်ထွက်သတ်မှတ်ဈေးဖြင့် ဝယ်ယူမှုမရှိတော့ဘဲ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကို နှိုင်းယှဉ် တွက်ဆလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်မှသတ်မှတ်ပေးခဲ့သည့် အခြေခံစပါးဈေးနှုန်းမှာ စပါး အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ စသည့်အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ဧည့်မထအမျိုးအစား ၄၆ ပေါင် စပါးတင်း ၁၀ဝ ကို မြန်မာငွေကျပ်ငါးသိန်းဈေးနှုန်း ဝယ်ယူရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရန်လို
လက်ရှိမှာလည်း ဈေးနှုန်းအသစ်မထုတ်ပြန်သေးခင် ဈေးကွက်ပေါက်ဈေးမှာ အခြေခံ ဈေးအောက်ရောက်ရှိခဲ့ပါက သတ်မှတ်အခြေခံဈေးဝယ်ယူရန် ဆန်စပါးအသင်းချုပ်က ဆောင်ရွက်ပေးမည်ဖြစ်၍ အသင်းချုပ်သို့ ဆက်သွယ်ရန်လိုအပ်သည်။
Source: Myanmar Times